RSS

စေတီတော်လေးမျိုး ရှိခိုးရအောင်

04 Feb

ဒီတစ်ခါ စာဖတ်သူတွေကို စေတီအကြောင်းလေးပြောပြချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စေတီဆိုတာ ကိုယ်နဲ့နေ့စဉ်ထိတွေ့နေရတဲ့လူမှုဘ၀ထဲမှာ ပါဝင်နေလို့ပါ၊ သူများဘာသာခြားက လာမေးရင်ပြန်ပြောပြနိုင်အောင်သိထားသင့် တယ်လည်းထင်ပါတယ်၊

စေတီဆိုတာ ပါဠိစကားလုံးပါစေတိယဆိုတဲ့ပါဠိကနေဆင့်သက်လာတယ်လို့ ပြောရပါမယ်၊ မြန်မာလိုအဓိပ္ပါယ်က အမြတ်တနိုးကိုကွယ်ရာလို့အဓိပ္ပါယ်ထွက်ပါတယ်၊ ရှေးကလူတွေဟာ သစ်ပင်၊ တောတောင်၊စတာတွေကိုလည်း ကိုးကွယ်ကြတော့ အဲဒီသစ်ပင်၊ တောတောင်တွေကိုလည်း စေတီ လို့ခေါ်နိုင်ပါတယ်၊ နောက် ကိုယ့်ရဲ့ဘာသာအလိုက်အထွတ်အမြတ်ထားကြတဲ့ အဆောက်အဦးတွေ၊ အုတ်ပုံတွေ၊ သဲပုံစတာတွေလည်း စေတီစာရင်းမှာပါဝင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အမြတ်တ နိုးနဲ့ ကိုးကွယ်တဲ့အရာတွေဖြစ်နေလို့ပါပဲ၊

နောက်စေတီနဲ့တွဲပြီး စေတီပုထိုးလို့အခေါ်အဝေါ်လေးရှိနေပါသေးတယ်၊ ပုထိုးဆိုတာ ယိုးဒ ယားကနေမြန်မာကို ကူးလာတယ်လို့ဆိုပါတယ်၊ ယိုးဒယားလူမျိုးတွေက ဘုရားဆင်းတုတော်တွေကို စာရေးတဲ့အခါ ၀ရား=ဗုဒ္ဓေါလို့ရေးပြီး ဖတ်တဲ့အခါ ဖရား=ဗုတ်ထိုးလို့ အသံထွက်ဖတ်တယ် လို့ဆိုပါတယ်၊ ၀ရားဆိုတာ ၀ရဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာမို့ မြတ်သောဆိုတဲ့ အဓိပ္ပါယ်ထွက် ပါတယ်၊ ဒါကြောင့်မြန်မာတွေက ဘုရားပုထိုးလို့ခေါ်ဆိုနေကြတာပါ၊ ဒါက ဘုရားပုထိုးစေတီနဲ့ပတ် သက်ပြီးသိသင့်တာလေးတွေပါ၊ နောက်စေတီကလေးမျိုးရှိပါတယ်၊

(၁)ဓာတုစေတီ= ဘုရားရှင်ရဲ့ဓာတ်တော်မွေတော်တွေကို ဓာတုစေတီ၊ နောက်ဓာတ် တော်မွေတော် တွေ ဌာပနာထားပြီးတည်ထားတဲ့စေတီတော်များကိုလည်း ဓာတုစေတီလို့ခေါ် နိုင်ပါတယ်။

(၂)ဓမ္မစေတီ=ဘုရာရှင်ဟောကြားတော်မူထားခဲ့တဲ့ တရားတော်များကို ဓမ္မစေတီလို့ ခေါ်ပါတယ်။

(၃)ဥဒ္ဒိဿစေတီ= ဘုရားရှင်ကိုရည်ရွယ်မှန်ထားပြီးတည်ထားတဲ့စေတီတော်၊ ရုပ်ပွားတော်စတာတွေ ကို ဥဒ္ဒိဿစေတီလို့ခေါ်ပါတယ်၊

(၄)ပရိဘောဂစေတီ= ပရိဘောဂစေတီဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့ ရေစစ်၊ သင်္ကန်း၊ တောင်ဝှေးအစရှိတာတွေကို ပရိဘောဂစေတီလို့ခေါ်ပါတယ်၊

ဒါက စေတီလေးမျိုးအဓိပ္ပါယ်လေးတွေပါ၊ စေတီတော်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးကြားဖူးတာ လေးကို ပြန်ပြောပြချင်ပါသေးတယ်၊ တစ်ခါက နိုင်ငံခြားသားတစ်ယောက်က ဆူးလေ စေတီတော်ကိုကြည့်ပြီး မေးပါသတဲ့ ဘာလို့အုတ်ပုံကြီးကိုရှိခိုးနေသလဲပေါ့၊ ဒါကြီးကိုရှိခိုးနေရင် တခြားတိုက်တွေ အိမ်တွေကို လည်းရှိမခိုးသင့်ဘူးလားလို့မေးပါတယ်၊ ဒီအခါမှာ ဂေါပကအဖွဲ့ထဲပါတဲ့လူတစ်ယောက်က ပြန်ပြီး တော့ ခင်များမှာ ညီမရယ်၊အမေရယ်၊ မိန်းမရယ်ရှိတယ်မို့လားလို့ပြန်မေးပါတယ်၊ ရှိတယ်လို့ နိုင်ငံခြား သားကပြန်ဖြေပါတယ်၊ ဒါဆိုရင် ညရောက်တဲ့အခါ ခင်များဘယ်သနဲ့အိပ်သလဲမေးတော့ ငါ ငါမိန်းမ နဲ့အိပ်တာပေါ့ ပြန်ဖြေပါတယ်၊ ဒါနဲ့ဂေါပကလူကြီးကဆက်ပြီး ကျန်တဲ့ခင်များရဲ့ အမေတို့ ညီမတို့က လည်း အမျိုးသမီးပဲမဟုတ်ဘူးလား၊ ဘာကြောင့် အမေတို့ညီမတို့နဲ့ မအိပ်ပဲ မိန်းမနဲ့အိပ်ရသလဲလို့ ပြန်မေးခွန်းထုတ်ပါတယ်၊ အဲဒီအခါကြမှ ငါသဘောပေါက်ပြီလို့ပြန်ပြောပါသတဲ့၊ စာဖတ်သူလည်း ဒီသာဓကလေးကို အတုယူပြီးတော့ ငါကိုးကွယ်နေတာ ရှိခိုးဦးချနေတာဟာ အုတ်ပုံကြီးမဟုတ်ဘူး၊ မြတ်စွာဘုရားကို ရည်ရွယ်မှန်းဆပြီးတည်ထားတဲ့ ဥဒ္ဒိဿစေတီတော်တွေဖြစ်တယ်လို့ ပုံပေါ်မှာ ဂုဏ်တော်တင်နိုင်ကြပါစေလို့။

ရွှေမန်းသား

အရှင်အကုင်္ရ(ကျောက်ဆည်)

သာသနာတက္ကသီလဓမ္မာစရိယ

B.A(Hons),M.A(thesis),M.A ကေလနိယတက္ကသိုလ်၊ ကိုလံဘို

သီရိလင်္ကာနိုင်ငံ

ရွှေမြန်မာဥယျာဉ်မှ ကူးယူဖော်ပြသည်။

 
 

One response to “စေတီတော်လေးမျိုး ရှိခိုးရအောင်

  1. Mr WordPress

    February 4, 2011 at 4:17 am

    Hi, this is a comment.
    To delete a comment, just log in, and view the posts’ comments, there you will have the option to edit or delete them.

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: