RSS

ယဉ်ကျေးသော I would like to .

08 Feb

ယဉ်ကျေးတဲ့ အသုံးအနှုန်းဖြစ်တဲ့

I would like to + simple present

လေးသုံးကြည့်ကြရအောင်နော်။

 

ကျွန်တော် ခင်ဗျားအတွက် ဖိုင်လေးတစ်ခု တွဲပို့လိုက်ပါတယ်။

လို့….ပြောချင်ရင် I would like to attach a file for your reference.

လို့ ပြောလေ့ရှိကြတယ်လေ။

 

ကဲနောက်ထပ် ဥပမာလေးတွေက….

 

ကျွန်တော် အပြင်ခနလေး သွားချင်လို့ပါ။

I would like to go out for a while.

 

 

ကျွန်တော် ခင်ဗျားနေရာကို လာလည်ချင်လို့ပါ။

I would like to visit your place.

If ကို သုံးကြည့်မယ် အပိုင်း (၂)

 

ဒီနေ့ တော့ အရင်က If  အသုံးပြုပုံလေးများ အပိုင်း (၁) ရဲ့ အဆက်ကလေး ကို ဆက်ပြီးဆွေးနွေးကြရအောင်နော်။ နောက်ထပ်ကျန်နေတဲ့ နံပါတ်  ၄ ၊ ၅ ၊ ၆ လေးတွေဖြစ်တဲ့

4. If + Past Simple + would ပုံစံလေး

5. If + were + would ပုံစံလေး

6. If + Past simple + Model auxiliary very ပုံစံလေး လေးတွေ

ဥပမာနဲ့ ရှင်းပြပေးပါ့မယ်နော်။

 

4. If + Past Simple + would ပုံစံလေး

 

အကယ်၍ ငါသာငွေတွေ နိုင်ခဲ့ရင် ကမ္ဘာတလွှားလျှောက်သွားမိမှာပဲ….

If I won some money, I’d go around the world. ……. လို့ ပြောရမှာ ဖြစ်ပါတယ်။ (အခြားနည်းတွေလည်း ရှိတယ်နော်။ ဒါက Positive ပုံစံလို့ ခေါ်ရပါမယ်။)

 

(I’d = I would ပါ။)

 

Negative နဲ့ပြောမယ်ဆိုရင်တော့…. ဒီပုံစံလေးနဲ့ သုံးကြည့်လို့ ရပါတယ်။

 

အကယ်၍ ငါ အလုပ်ကို မကြိုက်ရင် ထွက်မှာပဲ ….. လို့ ပြောချင်ရင်

I’d give up my job if I didn’t like it.  ….. လို့ ပြောလို့ ရပါတယ် (အခြားနည်းတွေလည်း ရှိတယ်နော်။)

 

အကယ်၍ ငါ တစ္ဆေကို တွေ့ခဲ့ရင် ငါအဲဒီတစ္ဆေနဲ့ စကားပြောမှာ မဟုတ်ဘူး ….. လို့ ပြောချင်ရင်

If I saw a ghost, I wouldn’t talk to it. ….. လို့ ပြောလို့ ရပါတယ် (အခြားနည်းတွေလည်း ရှိတယ်နော်။)

 

5. If + were + would   ပုံစံလေး

အကယ်၍ ငါ ချမ်းသာခဲ့ရင် (မချမ်းသာလို့ ပြောတာနော်) ငါ့ငွေရဲ့ တစ်ဝက်ကို လှူပစ်မှာပဲ …. ဆိုရင်

If I were rich, I would have to donate half of my money. လို့ ပြောရပါမယ်။ (အခြားနည်းတွေလည်း ရှိတယ်နော်။)

 

အကယ်၍ ငါသာ ယောက်ျားလေးဖြစ်ရင် (ယောက်ျားလေးမဟုတ်လို့ ပြောတာနော်) နင့်ကို ချစ်ခွင့်ပန်မိမှာပဲ…. ဆိုရင်တော့

If I were a boy, I would propose you. လို့ ပြောနိုင်ပါတယ်။ (အခြားနည်းတွေလည်း ရှိတယ်နော်။)

 

(မှတ်ချက် ။    ။ ဒီ were နဲ့ သုံးတာ ဟာ စိတ်ကူးယဉ်တဲ့ အခါ ၊ မဖြစ်နိုင်တာတွေမှာ အသုံးပြုလေ့ရှိ ပါတယ်။ ဥပမာ – ငါသာ ငှက်ဖြစ်ခဲ့ရင် – If I were a bird, လို့ ပြောပါတယ်။ လူက ငှက်ဘယ်လို ပြန်ဖြစ်တော့မှာလဲ…. အဲဒါမျိုးကို ဆိုလိုတာပါ။)

 

6. If + Past simple + Model auxiliary verb ပုံစံလေး

 

အကယ်၍ ငါ ဆေးလိပ်ဖြတ်လိုက်ရင် ငါ ပိုမြန်မြန် ပြေးနိုင်လိမ့်မယ် ….. လို့ပြောချင်ရင်

If I stopped smoking, I could run faster.

ကဲ ကျွန်မ သိသလောက်ထဲက ထုတ်နှုတ် ပြောပြတာပါ။ မိမိကိုယ်ပိုင် စာကြောင်းလေးတွေ နဲ့ ဝါကျ တည်ဆောက်ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

 

ခင်မင်လေးစားလျက်

မေသိမ့်သိမ့်ကျော်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: