RSS

တိုင်းရင်းဆေးနည်း အသုံးပြုသူများလည်း များပြားလာ

19 Feb

34711

ဆေးကုသစရိတ် မတတ်နိုင်သူများအနေဖြင့် ခံစားနေရသည့်ဝေဒနာများ ပျောက်ကင်းသက်သာစေရန် ဆေးမြီးတိုများကိုသာ အားကိုးနေရဆဲဖြစ်ပြီး ဆိုးကျိုးဖြစ်စေသော ဆေးမြီးတိုနေရာတွင် စရိတ်သက်သာ၍  ဆိုးကျိုးမရှိသည့် တိုင်းရင်းဆေးနည်းများ ကိုအသုံးပြုသူများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

ယခင်က ဆေးမြီးတိုအသုံးပြုကာ ရောဂါများကိုကုသမှုသည် နယ် မြို့များ၌သာရှိခဲ့ရာမှ ယခုအခါမြို့ကြီး များတွင်ပါ ဆေးကုသပေးသူနှင့် ကုသမှုခံယူသူ များပြားလာကြောင်း၊ ထိုသို့ ကုန်ကျစရိတ်သက်သာကာ ကျိုးကြောင်းဆီလျော်မှုမရှိသည့် ဆေးမြီးတိုများဖြင့် ကုသမှုသည် ကျန်းမာရေးအတွက် ကောင်းကျိုးရလဒ်များ ရရှိမှုထက် ဘေးထွက်ဆိုးကျိုးများကို သာ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။

ဆေးမြီးတိုများဖြင့် ရောဂါကုသမှု များတွင် အသည်းရောင်အသားဝါ ဘီပိုး၊ အသည်းရောင်အသားဝါ စီပိုး၊ HIV၊ AIDS ရောဂါ၊ ကင်ဆာရောဂါများနှင့် နာတာရှည်ရောဂါများကို ကုသမှု များပြားကြောင်း၊ ရန်ကုန်မြို့ရှိ ဆေးမြီးတိုဖြင့် ကုသပေးသည့် အချို့ သောနေရာများတွင်လည်းရန်ကုန်မြို့ နေသူများသာမက နယ်မြို့များရှိလူနာ များ၊ ရန်ကုန်မြို့နှင့်အလှမ်းဝေးကွာ သည့်နယ်စပ်မြို့များမှလူနာများည်း လာရောက်ကုသမှုများရှိကြောင်း သိရှိ ရပါသည်။

“ဆေးမြီးတိုနဲ့ ရောဂါကုသကြတဲ့အခါမှာ ကူးစက်ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကိုကုသကြတာ များပါတယ်။ ဒီရောဂါတွေကလည်း ကုသမယ်ဆိုရင် ကုန်ကျစရိတ်ကလည်း များမယ်။ အချိန်ကြာရှည်လည်း ကုသ ရမယ့် ရောဂါတွေဖြစ်တာကြောင့် ငွေကြေးအခက်အခဲရှိသူတွေ  ကျန်းမာ ရေးအသိပညာနည်းပါးသူတွေကတော့ ရောဂါကြီးကြီးမားမားရှိနေရင် ခံစား နေရတာတွေသက်သာအောင်  ဒီလိုပဲ ကုသနေကြတာပါပဲ”ဟု အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ရှင်းပြခဲ့သည်။

အသည်းရောဂါများကို ဆေးမြီးတိုဖြင့်ကုသကြရာတွင် နွယ်ချိုများ အလွန်အကျွံကျွေးခြင်း၊ ဆားပါဝင် သည့်ဆေးများတိုက်ခြင်း၊ ဆိတ်နို့ များစွာတိုက်ခြင်းများဖြင့် ကုသမှုများ ရှိကြောင်း၊ အခြားရောဂါကြီးများကို လည်း ဆေးမြီးတိုဖြင့်ကုသကြရာတွင် အရပ်ဒေသပေါ် မူတည်ကာ ကုသ သည့်ဆေးမြီးတိုများ ကွာခြားကွဲပြား ကြောင်း သိရှိရပါသည်။

ဆေးကုသစရိတ် လျှော့ချရာ၌  မြန်မာ့တိုင်းရင်းဆေးနည်းများ၊ မီးဖို ချောင်တွင်းမှ စားသောက်ကုန်များကို အသုံးပြုမှုများပြားလာပြီး အများဆုံး အသုံးပြုလာကြသည့် မီးဖိုချောင်  စား သောက်ကုန်များမှာကွမ်းရွက်၊  ကျောက် ဖရုံသီး၊ သံပရာသီး၊ ငှက်ပျောသီး ဖီးကြမ်း၊ မန်ကျည်းမှည့်၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကန်စွန်းရွက်၊ ရှောက်သီး၊ ဒန့်သလွန်ရွက်၊ ပျဉ်းတော် သိမ်ပင်၊ ပင်စိမ်းရွက်၊ ငရုတ်ကောင်း၊ ဆား၊ နနွင်း၊ မန်ကျည်းခေါက်နှင့် ထန်းလျက်တို့ကို ရာသီဥတု အကူး အပြောင်းတွင် ဖြစ်တတ်သော နှာစေး၊ ချောင်းဆိုးရောဂါများ၊ ဖျားနာခြင်း၊ ၀မ်းပျက်ဝမ်းလျှော၊ မျက်စိနာ၊ ဆီးချုပ် ဆီးအောင့်နှင့် အစာမကြေ လေထိုး လေအောင့်ရောဂါများအတွက် အသုံး ပြုမှုများပြားလာကြောင်း သိရှိရသည်။

“အဓိကကတော့ လူတွေမှာ ကိုယ်ခံစွမ်းအားစနစ်ကောင်းဖို့ အရေး ကြီးပါတယ်။ ကိုယ်ခံစွမ်းအားမြင့်ရင် ရောဂါတွေအလွယ်တကူဝင်ရောက်နိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့်သဘာဝ အစားအစာတွေကိုနေ့စဉ်ပုံမှန်မျှစွာ စားသုံးရင် ကိုယ်ခံစွမ်းအား မြင့်စေ တယ်ဆိုတာ ကမ္ဘာမှာလည်း စမ်းသပ် ပြီး၊အောင်မြင်လက်ခံထားပြီးသာါး။ ဥပမာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဂရိုကိုလီ(ပန်းမုန်လာအစိမ်း)၊ ဒိန်ချဉ်စတဲ့ အစားအသောက်တွေ စား သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လို အပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပါ တယ်။ လူနာတွေရဲ့ရောဂါအခြေအနေ ပေါ်မူတည်ပြီး ကိုယ်ခံစွမ်းအားစနစ် ကောင်းဖို့၊ မှန်ကန်မျှတစွာ သုံးစွဲမှီဝဲဖို့  သေသေချာချာ ညွှန်ပြနိုင်ရင် မြန်မာ တိုင်းရင်းဆေးတွေက အစွမ်းထက်ပါ တယ်။ နေ့စဉ် စားသောက်မှုပုံစံထဲမှာ လည်း သဘာဝ အစားအစာတွေကို သမမျှတစွာစားသုံးရင် တချို့ရောဂါတွေ ကို ကာကွယ်နိုင်ပါတယ်”ဟုသဘာဝ အစားအစာများနှင့်ပတ်သက်၍လက်တွေ့ လေ့လာအသုံးချနေသော အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက ပြောပြ ပါသည်။

မြန်မာ့ တိုင်းရင်းသမားတော် ဦးသန်းညွန့်ကလည်း “နယ်တွေမှာ ရော ရန်ကုန်မှာပါ ဆေးမြီးတိုနဲ့ကုသ ပေးသူတွေရော ကုသမှုခံယူသူတွေပါ များလာပါတယ်။ အဓိကကတော့ ငွေ ကြေးကုန်ကျစရိတ်ကိုချင့်ချိန်ကြတာပါ။ ရောဂါတစ်ခုခုဖြစ်ရင် တိုင်းရင်းဆေးနဲ့ပဲ ကုသကုသ၊ အနောက်တိုင်းဆေးနဲ့ပဲ ကုသကုသတတ်ကျွမ်း နားလည်သူနဲ့ပဲ ကုသသင့်ပါတယ်။ ဆေးမြီးတိုနဲ့ကုသ နေတုန်းမှာ ရောဂါသက်သာတယ်ဆို တာကလည်း ရောဂါနုသေးလို့ ဖြစ်နိုင် သလို စိတ်ထင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုကုသမှုတွေကရောဂါ အမြစ်ပျက်အောင်ပျောက်ကင်းဖို့မလွယ် ပါဘူး။ ငွေကြေးအခက်အခဲကြောင့် သေချာမကုနိုင်ရင် သက်ဆိုင်ရာက အသိအမှတ်ပြုဖွင့်ပေးထားတဲ့ဆေးခန်း တွေ၊ ကုသိုလ်ဖြစ်ဆေးခန်းတွေမှာ အကြံဥာဏ်ယူ ကုသသင့်ပါတယ်။ ဒီနောက်ပိုင်းမှာ ကုသိုလ်ဖြစ်ဆေးခန်းတွေလည်း အများကြီးရှိလာပါပြီ။ အဓိကကတော့ ကျန်းမာရေးအသိ လေး ဒီထက်ပိုရှိဖို့ လိုပါသေးတယ်” ဟု ရှင်းပြခဲ့ပါသည်။

ရောဂါဖြစ်ပွားသည့် လူနာအချို့ မှာ ဆေးကုသနည်းမမှန်သည့် နည်းလမ်းများ၊ စမ်းသပ်စစ်ဆေးထားခြင်း မရှိသည့်ကုထုံးများဖြင့် ကုသမှုများ ရှိခြင်းနှင့်ပတ်သက်၍ “Evidence Based Medicine သုံးလာတဲ့ ခေတ် ဆိုတော့ လူပြောသူပြော၊ ဟိုလူ အကြံပေး၊ ဒီလူအကြံပေး ကုထုံးတွေနဲ့ မကုသဘဲ စနစ်တကျ စမ်းသပ်ထားတာကိုပဲ သုံးသင့်ပါတယ်။ စနစ်တကျ စမ်းသပ်ချက်မရှိဘဲ ပျောက်တယ်လို့ ကြွေးကြော်တဲ့ကုထုံးတွေက ကြော်ငြာတာပဲ ရှိတယ်။ ပျောက်တယ်လို့ ဘယ်လိုစမ်းသပ်ရမှန်းမသိကြပါဘူး။ လူတွေရဲ့ မသိနားမလည်မှုကြောင့် ပျောက်တယ်လို့ထင်ကြတာပါ။ ဒီလို ကုထုံးတွေနဲ့ကုသတဲ့အခါ ကုထုံးတွေ ကို စမ်းသပ်ထားတာမရှိသလို ဒါတွေနဲ့ ကုသတာကြောင့် ရောဂါပိုဆိုးစေတာကိုလည်း စမ်းသပ်ထားတာ မရှိပါဘူး” ဟု ပါမောက္ခ ဦးသံစစ်က သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် လူစည်ကားသည့် နေရာများ၌ ပရဆေးဟူ၍ အမည်တပ်ကာ မှဲ့ဖျက်ခြင်း၊ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ ခြောက်ပျောက်ကင်းရန်ကုသခြင်း၊ ၀ဲ၊ နှင်းခူ အစရှိသည့် အရေပြားရောဂါ များ၊ ကျွဲနို့ကုသခြင်းများလည်း ရှိပြီး ထိုသို့ကုသခြင်းဖြင့် ရောဂါပိုမိုဆိုးရွား လာကာ ကူးစက်ရောဂါများကိုပါရ စေနိုင်ကြောင်း သိရှိရပါသည်။

“လူစည်ကားတဲ့ ကားမှတ်တိုင်၊ ဈေးတွေမှာ ပရဆေးနဲ့အရေပြားရောဂါ တွေကို ကုသပေးတဲ့ လမ်းဘေးဆိုင် တွေရှိပါတယ်။ သူတို့တွေက လမ်းက ဖြတ်သွားသူတွေကို အတင်းခေါ်ယူပြီး အခမဲ့ စမ်းသပ်ပေးမယ်။ ကြိုက်မှ ကုဆိုပြီး ဖြားယောင်းတာတွေ ရှိပါ တယ်။ ဒါနဲ့ ကျွန်တော်လည်းဆိုင်ထဲ ကိုဝင်ပြီးလေ့လာကြည့်ခဲ့တယ်။ သူတို့ ရဲ့ကုထုံးတွေက မြန်မာ့တိုင်းရင်းဆေး လည်းမဟုတ်သလို အနောက်တိုင်း ဆေးလည်း မဟုတ်ပါဘူး။ တိတိ ကျကျ စမ်းသပ်ထားတာလည်း မရှိပါ ဘူး။ ဒါကြောင့် အရေပြားရောဂါတွေ ကမပျောက်ကင်းဘဲ ပိုပြီးဆိုးစေပါ တယ်။ အခန့်မသင့်ရင် ကူးစက်ရောဂါ တွေတောင်ရရှိနိုင်ပါတယ်”ဟု ကုသမှု  ခံယူဖူးသူတစ်ဦးက ဆိုပါသည်။

အသည်းရောင်အသားဝါ ဘီပိုး သည် ထိရောက်သည့်ကာကွယ်ဆေး ရှိသော်လည်းပျောက်ကင်းရန် မလွယ် ကူခြင်း၊ ရောဂါဖြစ်ပွားသည့် လူနာ ၁၀၀ တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းအထိသာ ရောဂါပျောက်ကင်းမှု ရှိနိုင်ကြောင်းသိရပါသည်။ အသည်း ရောင်အသားဝါစီပိုးသည် လူနာ ၁၀၀ တွင် ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိ ကုသ၍ ပျောက်ကင်းနိုင်ပြီးကုန်ကျစရိတ် လက်လှမ်းမမှီသောကြောင့် ကုသမှု ခံယူသူနည်းပါးသဖြင့် အခြားနည်း လမ်းများဖြင့် ရွေးချယ်ကုသလာကြ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အထွေထွေရောဂါကုဆရာဝန် တစ်ဦးက “ကျွန်တော်က နယ်မြို့ တစ်မြို့မှာ တာဝန်ကျတာကြာပါပြီ။ နယ်က လူတွေအများစုက ရောဂါ တစ်ခုခုဖြစ်ပြီဆိုရင် အနောက်တိုင်း ဆေးထက်ဆေးမြီးတိုနဲ့ကုသကြတာ များပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကိုလည်း ဆေးမြီးတိုနဲ့ ကုသ ကြတယ်။ ကုသတဲ့အခါမှာလည်း ဆားပါဝင်တဲ့ဆေးငါးမျိုးကို တစ်ပြိုင်တည်း ကျွေးတာတွေ၊ နည်းမျိုးစုံပါပဲ။ နယ်ကလူတွေက ဆေးမြီးတိုနဲ့ကုသ ပြီး ရောဂါ ပြင်းထန်ချိန်ကျမှသာ ဆေးရုံ၊ ဆေးခန်းတွေမှာ လာပြကြပါ တယ်။ ဒီလိုလူနာတွေကို ကုသရတဲ့ အခါမှာလည်း ရောဂါဝေဒနာပိုပြင်း ထန်တာ တွေ့ရသလို ကုသရတာ လည်း ခက်ခဲပါတယ်။ ဒီလိုကုသမှု ကြောင့်လည်း အချိန်မတိုင်မီလည်း အသက်သေဆုံးတာတွေလည်း ရှိပါတယ်”ဟု ရှင်းပြခဲ့ပါသည်။

ယနေ့အချိန်တွင် ကူးစက်ရောဂါ များအပါအ၀င် ရောဂါဆန်းများမှာ ပျံ့နှံ့ကူးစက်မြန်ဆန်နေရာ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေထိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကျယ်ပြန့်စွာသိရှိခြင်း၊ ရောဂါဖြစ်ပွားမှ ကုသမှုခံယူခြင်းထက် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ် ခြင်းသည် အကောင်းဆုံးနှင့်ထိရောက်သည့် ကာကွယ်ခြင်းဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားပါကလည်း တတ်ကျွမ်းနားလည်သူများနှင့် အချိန်မီကုသသင့် ကြောင်း၊ လွဲမှားသော အယူအဆများ ကိုလည်း ဖျောက်ဖျက်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါသည်။

မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲပါ အချက်အလက်အချို့

စဉ်
အမျိုးအစား အသုံးပြုပုံ သက်သာပျောက်ကင်းသည့်ရောဂါ
ကန်စွန်းပင်
ကန်စွန်းရွက်ကိုသကြားရောပြီး အရည်ကိုဆွတ် မီးလောင်နာအပူလောင်နာ
ကြက်သွန်နီ
ကြက်သွန်နီကိုရှာလပတ်ရည်သဖွယ်ြုလုပ်သောက် နှာစေးနှာပိတ်ပန်းနာရင်ကြပ်
ကြက်သွန်ဖြူ
ကြက်သွန်ဖြူဥတစ်လုံးမီးဖုတ်စား လေဆန်နာ
ကြက်ဟင်းခါး
ကြက်ဟင်းခါးသီးသတ္တုရည် ဆီးချို
ချင်း
ချင်းကိုစား တုပ်ကွေးဖျား၊လည်ချောင်းနာ၊ ချောင်းဆိုး
ငရုတ်ကောင်း
နှစ်စေ့သုံးစေ့စား အစာကြေလေကြေ၀မ်းဖောဝမ်းရောင်
ဒန့်သလွန်ရွက်
သုံးခွက်တစ်ခွက်ကျိုသောက် သွေးတိုးကျ
နနွင်းမှုန့်
၎ ပဲသားရေနွေးဖြင့်သောက် ပန်းနာရင်ကျပ်ဝမ်းလျှောဝမ်းပျက်
ပင်စိမ်းပင်
ပင်စိမ်းရွက် သတ္တုရည်နှင့် ဆားမီးဖုတ်သောက် ချောင်းဆိုးအော့အန်
၁၀ ကွမ်းရွက်
ကွမ်းရွက်နှင့်ထန်းလျက် ပြုတ်ရည်သောက် ခေါင်းအုံခေါင်းကိုက်

ိုပိုစ့်ရေးသူ ..လင်းလဲ့သူရိန်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.

%d bloggers like this: