RSS

မြတ်စွာဘုရားဟောကြားသော ကမ္ဘာစောင့်တရားများ.

02 Mar

.လောကပါလတရားနှစ်ပါး….
ဟီရိ၊ သြတ္တပ္ပ (အရှက် နှင့်အကြောက်တရား) နှစ်ပါးကိန်းဝပ်သော်ကမ္ဘာသူ ကမ္ဘာသားများ၏ ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေးလိမ္မာနိုင်၏ ။ အရှက်၊ အကြောက်တရားနှစ်ပါး ပျက်ပြားသော် လူတို့ ၏ ကိုယ်၊ နှုတ်၊ စိတ် အမှုအရာများ ရိုင်းပျတတ်၏။ ထို့ကြောင့်ဟီရိ၊ သြတ္တပ္ပ တရားနှစ်ပါးကို စောင့်ထိန်းရန် အရေးကြီး၏ ။ လောကကြီးမပျက်စီးအောင် စောင့်ရှောက်တတ်၍ ဤတရားနှစ်ပါးကို လောကပါလကမ္ဘာစောင့်တရား ဟုခေါ်၏ ။


၁။ ၀က်သည်မစင်ကိုမရွံ သကဲ့သို့ အရှက်တရားမရှိသူသည် ဒုစရိုက်မှုကိုပြုလုပ်ရန် ၀န်မလေး။
၂။ ပိုးဖလန်သည်မီးကိုတိုးရန်မကြောက်သကဲ့သို့ သြတ္တပ္ပတရား မရှိသူသည်လည်း
ဒုစရိုက်အမှုကိုပြုရန်ဝန်မလေးချေ။

………..မြတ်မနော……….
သူ့ကိုချီးမြှောက်၊ဂုဏ်ရောင်မြောက်၏
ယွင်းဘောက်အလို၊ ၀န်မတိုနှင့်
သူ့ကိုဂုဏ်နှိမ့်၊ ကိုဂုဏ်နိမ့်၏
စည်းစိမ်အရာ၊ သူချမ်းသာ၌
ဣဿာမပြု၊ ၀မ်းမြောင်ရှုလော့
သူ့ ကိုစောင့်မှ၊ သူကကိုယ့်ကို
ကြည်ညိုမေတ္တာ၊စောင့်နိုင်ရာ၏ ။
မန်လည်ဆရာတော် ရှင်ဇ၀န)မြန်မာ ၁၂၀၃-၁၂၈၂
(မာဂဒေ၀လင်္ကာသစ် အပိုဒ်-၁၈၅)

ရောဂါနှိပ်စက်သောအခါ၊
ငတ်မွတ်ခေါင်းပါးသောအခါ၊
စည်းစိမ်ပျက်စီးသောအခါ၊
ရန်သူဖမ်းမိသောအခါ၊
မင်းအိမ်တံခါး(တရားရုံး) ၌အမှုရင်ဆိုင်ရသောအခါ၊
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကိုမြှပ်နှံပြာချသုဿာန် ကိစ္စကြုံသောအခါ
ွှဤအခါတို့ ၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်းဆွေကောင်းမည်၏ ။
(လောကနီတိ)

ဖတ်မိဖတ်ရာသမျှပါ..

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: