RSS

DVD to 700MB AVI file

08 Mar

ဒီဗီဒီရုပ်ရှင်ခွေတခွေက 4.5 GB အထိ ရှိနိုင်ပါတယ်။ အဲဒီ ဒီဗီဒီခွေကို 700MB AVI ဖိုင် အဖြစ်ပြောင်းပြီး သိမ်းထားချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ how-2-do.blogspot.com မှာ တင်ထားတာကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။ ကျနော်စမ်းကြည့်တာတော့ quality ကောင်းတယ်။ ဒီဗီဒီတခွေအတွက် အနည်းဆုံး တနာရီ ကျော်တော့ ကြာပါမယ်။ ဆော့ဝဲ ၂ ခု သုံးရပါမယ်။ အခမဲ့ သုံးခွင့်ပြုတဲ့ ဆော့ဝဲ တွေပါ။
DVD Decrypter ကို ဒီမှာကလစ်ပြီး ဒေါင်းလုပ်ရယူပါ။
Auto GK ကို ဒီမှာကလစ်ပြီး ဒေါင်းလုပ်ရယူပါ။

စက်ထဲကို ဒီဗီဒီခွေထည့်ပြီး DVD Decrypter ဆော့ဝဲကို ဖွင့်ပါ။
ပုံမှာပြထားတဲ့အတိုင်း Mode မှာ IFO ကို ရွေးပါ။

Tools > Setting ကို ဖွင့်ပါ။

File Mode မှာ None ကို ရွေးပါ။

IFO Mode ကို ဖွင့်ပါ။
File Splitting မှာ None ကို ရွေးပါ။

ပုံမှာပြထားတဲ့အတိုင်း Decrypt ကို ကလစ်ပါ။

ဒါဆိုရင် ဒီဗီဒီခွေထဲက ဖိုင်ကို စက်ထဲ ကူးထည့်နေပါပြီ။ VOB ဖိုင်အဖြစ် ထွက်လာပါမယ်။ ဖိုင်က ပုံမှန်အားဖြင့်တော့ Drive C ထဲကို ရောက်သွားပါမယ် (C:/MOVIENAME/VIDEO_TS)။ အခြားနေရာကို ရွေးချင်ရင် Decrypt ခလုတ်အပေါ်မှာရှိတဲ့ Destination မှာ ပြင်ပေးရပါမယ်။

AutoGK ကို ဖွင့်ပါ။
ပုံမှာပြထားတဲ့အတိုင်း Input File နေရာမှာ စောစောက Decrypt လုပ်ထားတဲ့ VOB ဖိုင်ကို ရွေးပေးပါ။

Advanced Settings ကို ဖွင့်ပါ။

ပုံမှာပြထားတဲ့အတိုင်း ရွေးပေးပါ။

Predefined Size နေရာမှာ 1CD (700 Mb) ကို ရွေးပါ။

Add Job ကို ကလစ်ပါ။

Start ကို ကလစ်ပါ။ (အချိန် တနာရီကျော် ကြာမှာဖြစ်တဲ့အတွက် အလုပ်လုပ်ပြီးတဲ့အခါ ကွန်ပြူတာ သူ့ဘာသာသူ ပိတ်သွားစေချင်ရင် When finished နေရာမှာ Do Nothing အစား Shut Down ကို ရွေးပေးနိုင်ပါတယ်။)

အားလုံး ပြုံးပျော်ကြပါစေဗျား။

ဆရာ ကျော်ခရော့စ် ထံမှ

 
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: